မက်မန်း အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်၌ Facility Quarantine ခံယူနေသူ (၂၉)ဦး၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာန က အောက်တိုဘာ လ(၂၀)ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့် က ဆေးစစ်မှုနမူနာများရယူခဲ့ကြောင်း သိရသည်။
ထိုသို့ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ စစ်ဆေးရယူရာတွင် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး၊ ဦးစိုးကြိုင်၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်းပြီး အဆိုပါ Facility Quarantine ခံယူနေသူ (၂၉)ဦးထံမှ နမူနာရယူပြီးအဆိုပါ Quarantine နေသူများ အနေဖြင့် ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။
Facility Quarantine ခံယူနေသူများသည် (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/မများဖြစ်ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)