ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သီတင်းကျွတ်လပြည့်နေ ဘုရားဖူး ပြည်သူများဖြင့် စည်ကား

ညောင်ဦး အောက်တိုဘာ ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိရာ ယနေ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ တစ်ခွင်လုံး ဘုရားဖူး လာသူများဖြင့် စည်ကားများပြားလျက်ရှိကာ နေ့ချင်းပြန်ဘုရားဖူးများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် တည်းကာဝင်ရောက်လာသည့် ဘုရားဖူးခရီး သွားများပြားလျက်ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သာမန်ရက်များတွင်ပင် ဘုရားဖူး၊ လေ့လာရေးလာရောက်သူ များပြားလျက်ရှိရာ သီတင်းကျွတ် ကျောင်းပိတ်ရက်များတွင် နေ့ခြင်းပြန် ဘုရားဖူးဧည့်သည်များ၊ နှစ်ည သုံးညအိပ် မိသားစုဘုရားဖူးများ၊ မိတ်ဆွေ အပေါင်းများဖြင့် လာရောက်သည့် ဘုရားဖူးဧည့်သည်များဖြင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သမိုင်းဝင် အထင်ကရဘုရားများ၊ နံရံဆေးရေးပန်းချီ များပြားစွာ ကျန်ရှိနေသေးသည့် ဘုရားများ၊ ရှုခင်းအလှဓာတ်ပုံ ရိုက်လို့ကောင်းသည့် ဘုရားများတွင် ဘုရားဖူးလေ့လာရေး လာရောက်သူ သိန်းချီဝင်ရောက်လျက်ရှိကြောင်းသိရသည်။ သမိုင်းအထင်ကရ ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဓမ္မရံကြီး၊ အာနန္ဒာဘုရားကြီး၊ စူဠာမဏိဘုရား၊ မဟာငှက်ပစ်တောင်ဘုရား၊ ကျောက်ဂူဥမင်၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင် ဘုရား၊ မနုဟာဘုရား၊ ပြဿာဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ အလိုတော်ပြည့်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ ပြဿာဒ်ကြီးဘုရားနှင့် သဗ္ဗညုဘုရားကြီးတို့တွင် ကားများ၊ မီနီအိုဝေများ၊ E-bike များ၊ မြင်းလှည်းရပ်သည့်ကွင်းများတွင် ပြည့်နေသည်အထိ ဘုရားဖူးများ များပြားလျက်ရှိနေပြီး ဝိနည်းဓိုလ်ဘုရားစု၊ ဆင်ဖြူရှင်အုတ်ကျောင်း၊ ရင်မနားဘုရားစု၊ ခေမင်္ဂဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ ရွှေနန်းရင်တောအုတ်ကျောင်း တိုက်ဘုရားစု၊ မင်းအိုချမ်းသာဘုရား၊ မြေဘုံသာဘုရားစု၊ လောကထိပ်ပန်ဘုရား၊ လောကအုတ်သျှောင် ဘုရားတို့တွင်လည်း ခရီးသွားဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရကာ ညောင်ဦးမြို့အတွင်း ရောင်းချလျက်ရှိသည့် ထမင်းဆိုင်များ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ လက်အလှပန်းချီဆွဲသူများ၊မြင်းလှည်း၊ E-bike ၊ မီနီအိုးဝေ၊ ကားအငှားလိုက်သူများ တစ်နေကုန်လိုက်နေရခြင်းကြောင့် အလုပ်အကိုင်များကောင်းကာ ဝင်ငွေ တွက်ခြေကိုက်လျက်ရှိကြောင်းသိရပြီး၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင်လည်း တည်းခိုသူများဖြင့် ပြည့်လျက်ရှိကြောင်းသိရကာ နေ့ခြင်းပြန် ဘုရားဖူးခရီးသွားများလည်း အလွန်များပြားနေခြင်းကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားဖူးများ၊ သမိုင်းအထင်ကရဘုရားများတွင် စတုဒီသာကျွေးသူများဖြင့် စည်းကားလျက်ရှိကာ ဘုရားဖူးများ သီတင်းကျွတ်လပြည့်နေ့တွင် တစ်သိန်းငါးသောင်းကျော် ဝင်ရောက်ခဲ့ကြောင်း၊ နေ့ချင်းပြန် ဘုရားဖူးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် တည်းသည့် ဘုရားဖူးများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် တည်းသည့် ဘုရားဖူးများ တစ်သိန်းငါးသောင်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း