သီတင်းကျွတ် လပြည့်အဘိဓမ္မာအခါတော်နေ့၌ ကျိုက်မရောမြို့ပေါ်ရှိ ဘုရားစေတီများတွင် ဘုရားဖူးလာပြည်သူများ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကား

ကျိုက်မရော အောက်တိုဘာ ၂၉

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ကျိုက်မရောမြို့ပေါ်ရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားများနှင့်  ဘုန်းကြီးကျောင်းများတွင် ဘုရားဖူးလာ ပြည်သူများ၊ ဥပုသ်သီလ ဆောက်တည်သူများ၊ အလှူဒါန ပြုကြသူများ၊ စတုဒီသာကျေးမွေးသူများဖြင့် ယနေ့နံနက် ၇ နာရီမှ စတင်ကာ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ကျိုက်မရောမြို့နယ်  ရပ်ကွက်အသီးသီးရှိ လမ်းများပေါ်တွင် စတုဒီသာ ကျွေးမွေးသူများ သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ် မီးပုံးပျံ လွှတ်မည့်သူများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် အထူး စည်ကားများပြားလျက်ရှိပြီး နာမည်ကြီးနေရာများဖြစ်သော စံပယ်ဂူဘုရား၊  စံပယ်ဂူတံတား၊ ဘားဘောင်ဂူ၊ ခရုံဂူနှင့် ဆဒ္ဓန်ဂူတို့၌ ဘုရားဖူးဧည့်သည်များ၊ အပန်းဖြေ အနားယူ လာရောက်ကြသူများ၊ အလှဓာတ်ပုံ မှတ်တမ်းဓာတ်ပုံ ရိုက်သူများဖြင့် သီတင်းကျွတ်လပြည့်နေ့ အခါသမယကို ပျော်ရွှင်စွာ ဆင်နွှဲကြသူများဖြင့် နေရာအသီးသီး၌ တိုးမပေါက်အောင်  စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

မိချို(ပြန်/ဆက်)