ကျိုင်းတောင်း အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာ လာရောက် ထုတ်ယူလျက်ရှိသော အငြိမ်းစားဝန်ထမ်း ပင်စင်စားများကို ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က ပင်စင်လစာ များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ပင်စင်လစာ လာရောက် ထုတ်ယူလျက်ရှိသော အငြိမ်းစားဝန်ထမ်း ပင်စင်စားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ပင်စင်လစာ များ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်နန်းကျော့ဦးခမ်းထံမှ သိရသည်။
ပင်စင်လစာ ထုတ်ယူလျက်ရှိသော အငြိမ်းစားဝန်ထမ်းဦးရေမှာ (၄၀)ကျော်ခန့်ရှိသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် မြို့ပေါ်ရှိ အငြိမ်းစားဝန်ထမ်းများကို လစဉ်လဆန်း (၂၁)ရက်နေ့တွင်စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ ဆက်)