သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ​မော်လမြိုင်မြို့နယ်ရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မော်လမြိုင် အောက်တိုဘာ ၂၉

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ အဘိဓမ္မာအခါတော်နေ့ ဖြစ်ပြီး မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုရားကျောင်းကန် အသီးသီး၊ ရပ်ကွက်၊ လမ်းများ၌ အဘိဓမ္မာအခါတော်နေ့ပူဇော်ပွဲ၊ ဘုရားရှင်အားဆီးမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကုသိုလ် ပြုကြသူများဖြင့် အထူးစည်ကားခဲ့ပြီး ယခုကဲ့သို့ ဝါလကင်းလွတ်သီတင်း ကျွတ်ကာလတွင် ခရီးသွားပြည်သူများနှင့် ဒေသခံအပေါင်းတို့က မိသားစုအလိုက် လာရောက်ဖူးမြော် ကုသိုလ်ပြုလေ့ရှိသောကြောင့် ပိုမိုစည်ကားခဲ့​ခြင်း ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အတွင်းရှိ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံ​တော်ရှင်ကျိုက်သလ္လံ စေတီတော်မြတ်ကြီး၊ နံဂါးမောက်စေတီတော်မြတ်ကြီး၊ အပါအဝင်ဘုရား‌ စေတီပုထိုးများ၌ ယနေ့ နံနက်ပိုင်း(သီတင်းကျွတ်လပြည့်နေ့)က ဘုရားဖူးပြည်သူများ၊ စတုဒီတာကျွေးမွေးသူများဖြင့် အထူး စည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)