မိုင်းဖြတ် အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကို ယမန်နေ့ နံနက်ပိုင်းက အထက (မိုင်းဖြတ်) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖြေဆိုရာတွင် နံနက်ပိုင်း၌ စာတွေ့ဖြေဆိုခြင်းကိုလည်းကောင်း၊ မွန်းလွဲပိုင်း၌ လူတွေ့ (နုတ်ဖြေ) ဖြေဆိုခြင်းကိုလည်းကောင်း ကျင်းပခဲ့ရာ ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အင်္ဂလိပ်စာစွမ်းရည် ဖြေဆိုသူ Grade -5 မှ Grade-9 အထိ (၄၃)ဦး၊ သင်္ချာ စွမ်းရည်ဖြေဆိုသူ Grade -5 မှ Grade-9 အထိ (၃၃)ဦး စုစုပေါင်း (၇၆)ဦး ဖြေဆိုကြောင်း သိရ သည်။
အဆိုပါပြိုင်ပွဲတွင် အဆင့်အလိုက် ကျောင်းသား (၁)ဦး၊ ကျောင်းသူ (၁)ဦး စုစုပေါင်း(၂၀)ကို စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခြင်းခံရသူများ ကို ပြည်နယ်အဆင့်တွင် ဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)