မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးပြည်သူများ ငါးသိန်း ကျော်လာရောက်ဖူးမြော်

မဟာအောင်မြေ အောက်တိုဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သီတင်းကျွတ် လပြည့်နေ့၌ ပြည်တွင်း၊ ပြည်ပနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည်‌နေ့၌ မဟာမုနိဘုရားကြီးမှာ ပြည်တွင်း၊ ပြည်ပနှင့် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူများ ငါးသိန်းကျော် လာရောက်ဖူးမြော်၍ စိတ်ချမ်း‌မြေ့ပျော်ရွှင်စွာ လာရောက်ဖူးမြော်ကြကြောင်းနှင့် မန္တလေးမြို့ပေါ်ရှိတန်ခိုးကြီးဘုရားစေတီများမှာလည်း ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း၊ ဘုရားဖူးပြည်သူများအား အဟာရဒါနအဖြစ် အ‌ကျွေးအမွေး‌များဖြင့် နေရာအနှံ့တွေမှာ အလှူဒါကုသိုလ်ရှင်များကလည်းကုသိုလ်ဒါပြု၍ စည်းကားလျက်ရှိကြောင်း၊ ဂေါပကအဖွဲ့ဝင်အတွင်းရေးမှူး ဦးသန်းဦး ထံမှသိရသည်။

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးနှင့် အခြားတန်ခိုးကြီးဘုရား‌စေတီများ၌ ပြည်တွင်း၊ ပြည်ပဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး တရုတ်နိုင်ငံ Phoenix Global Observer Mission မှ သတင်းမီဒီယာများ၊ ရုရှားနိုင်ငံမှ ဘုရားဖူးပြည်သူများနှင့် နိုင်ငံခြားခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း၊ သီတင်းကျွတ်လပြည့်နေ့ညတွင်လည်း ယခင်နှစ်များကဲ့သို့ ဆီမီး(၄၀၀၀၀) ဖြင့် မဟာမုနိဘုရားကြီးအားပူဇော်သွားမည်ဖြစ်ကြောင်းနှင့် သီတင်းကျွတ် လပြည့်နေ့ အခါသမယ၌ ဘုရားဖူးပြည်သူ  လူဦးရေ ငါးသိန်းကျော်ခန့် လာရောက်ဖူးမြော်လျက်ရှိ‌ကြောင်း ၎င်းကဆက်ပြော၍ သိရသည်။

အောင်ဇော်မင်း