ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့် 

ကျောက်ဆည်  အောက်တိုဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆုရရှိခဲ့သောပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ည(၁၀)နာရီအချိန်က ရွှေသာလျောင်းတောင် ဆင်အကအလှပြိုင်ပွဲဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ကျောက်ဆည်တပ်နယ်မှူး ဗိုလ်ချုပ်သိန်းထွေးနှင့်တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့မိမြိုဖများက ရိုးရာဆင်ပြိုင်ပွဲတွင် ပထမဆု ရရှိသောဆင်များအား ‌ငွေကျပ် (၂၀)သိန်း၊ ဒုတိယဆု ရရှိသောဆင်များအား ‌ငွေကျပ် (၁၅)သိန်း၊ တတိယဆု ရရှိသောဆင်များအား ‌ငွေကျပ် (၁၀)သိန်း၊ နှစ်သိမ့်ဆုရရှိသောဆင်များအားဆုငွေ(၃)ကျပ် ချီးမြှင့်ခဲ့ပြီး အသက်ကြီးဆင် များ၊ ဂုဏ်ပြုဆင်များ၊ မြို့မဈေးပတ်၍ ကပြဖျော်ဖြေသည့်ဆင်များကိုလည်း ဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ မြန့်မာရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်(၃)စီး၊ ရိုးရာလူကြီးဆင်(၆)စီး၊ ရိုးရာကလေး ဆင်(၄)စီး၊ အသက်ကြီးဆင်(၃)စီး၊ တီထွင်ဆန်းသစ်မှုဆင်(၂)စီး၊ ပြိုင်ပွဲဝင်ဆင်(၁၇)စီးနှင့် မြို့မဈေးကြီးနှင့် မြို့တွင်းလမ်းများအားပတ်၍ ကပြဖျော်ဖြေမည့်ဆင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်မောင်