မုဒုံမြို့တွင် သီတင်ကျွတ်လပြည့်နေ့ ဘုရာစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများဖြင့်စည်ကား

မုဒုံ အောက်တိုဘာ ၂၉

၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ တန်ခိုးကြီးအထင်ကရ ဘုရားစေတီပုထိုး များတွင် ဒေသခံပြည်သူများ၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မုဒုံမြို့နယ်အတွင်းရှိ အထင်ကရဘုရားစေတီပုထိုးများဖြစ်သည့် အတောင် (၄၀၀) ပြည့် လျောင်းတော်မူဘုရားကြီး၊ ခပ်ရခပ်ယူထိုင်တော်မူ ဘုရားကြီး၊ ဆံတော်ရှင်ကန်ကြီး စေတီတော်၊ ကန်ကလေးစေတီတော်၊ ဘင်လှိုင်ဆံတော်ရှင်၊ ကျိုက်ဇယ်စေတီတော် စသည့် ဘုရားပုထိုး စေတီတော်များတွင် ဘုရားဖူးပြည်သူများက စေတီရင်ပြင် ဂြိုလ်တိုင်များရှိ ဗုဒ္ဓရုပ်ပွားတော်များတွင် ပန်း၊ ရေချမ်း၊ ဆီးမီး၊ အမွှေးနံ့သာများ ကပ်လှူပူဇော်ကြပြီး ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ မြို့လုံးကျွတ်ဆွမ်းကြီးလောင်းလှူပွဲ၊ မြန်မာ့ရိုးရာလှေလှော်သဘင် ပြိုင်ပွဲတွင် လာရောက် အားပေးကြသူများ၊ ကန်တော်ကြီးမင်္ဂလာကန်ပတ်လမ်းတလျှောက် လာရောက်အပန်းဖြေသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)