မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် သီတင်းကျွတ်လဆီမီးတစ်ထောင်ပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၂၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာကန်ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သော ဓမ္မသုခ ရွှေစည်းခုံစေတီတော်တွင် သီတင်းကျွတ်လ ဆီမီးတစ်ထောင်ပူဇော်ပွဲကို သုံးရက်တိုင်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း အဆိုပါ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌထံက သိရ သည်။

နှစ်စဉ်သီတင်းကျွတ်လဆီမီးပူဇော်ပွဲတိုင်း ကျင်းပမြဲဖြစ်တဲ့ ဓမ္မသုခရွှေစည်းခုံစေတီတော် ရင်ပြင်တော်မှာ ဆီမီးတစ်ထောင်ပူဇော်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်၊ သီတင်းကျွတ်လပြည့်နေ့နဲ့ လပြည့်ကျော်တစ်ရက်နေ့တွေမှာ သုံးရက်တိုင် စည်ကားသိုက်မြိုက်စွာ ထွန်းညှိ ပူဇော်ပြုလုပ်တာ ဖြစ်ပါတယ်။ ဆီမီးပူဇော်ပွဲကျင်းပပြုလုပ်တဲ့ သုံးရက်မှာ သီတင်းကျွတ်လပြည့်နေ့ကတော့ နှစ်စဉ် အစည်ကားဆုံးနေ့ဖြစ်ပါ တယ်။ သုံးရက်စလုံးနေ့စဉ် ညနေ ၆ နာရီခန့်ဆို စတင်ဆီမီးထွန်းညှိပူဇော် တာပါ။ ဆီမီးတစ်ထောင်ပူဇော်ထွန်းညှိဖို့အတွက် ဒေသခံ စေတနာရှင်အလှူရှင်မိသားစုများရဲ့ စုပေါင်းလှူဒါန်းမှုနဲ့ လှူဒါန်းပူဇော်တာဖြစ်ပါတယ်” ဟု ဓမ္မသုခရွှေစည်းခုံ စေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဇော်မိုးက ပြောသည်။ အလားတူ တန်ဆောင်တိုင်ပွဲ တော်ကာလ တန်ဆောင်မုန်းလတွင်လည်း ဓမ္မသုခရွှေစည်းခုံ စေတီတော်တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။         

ချမ်းသာ