မုဒုံမြို့တွင် (၁၄၉)ကြိမ်မြောက် မုဒုံမြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မုဒုံ အောက်တိုဘာ  ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်၏ (၁၄၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ် မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲကို သီတင်းကျွတ်လပြည့်နေ့ ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်က မြို့တွင်းလမ်းတစ်လျှောက်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

မုဒုံမြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ကန်ကြီးစေတီတော်ဂေါပက အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်နေဒေသ ခံပြည်သူများသည် မြို့နယ်သံဃနာယက ဆရာတော်ကြီးများ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဘုန်းကြီးကျောင်းတိုက် ၇၅  ကျောင်းမှ သံဃာတော် ၁၈၆၈ ပါး သီလရှင်ကျောင်း ၁၇ ကျောင်းမှ သီလရှင် ၂၂၂ ပါးတို့အား ဆွမ်းဆန်တော်လှူဖွယ်ပစ္စည်းများနှင့် ငွေပဒေသာပင် အလှူငွေတန်ဖိုးငွေကျပ် စုစုပေါင်း (၆၃၇၈၉၅၀၀) အား စုပေါင်းလောင်းလှူကြသည်။

၁၃၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ဆရာတော် သံဃာတော်များနှင့် သီလရှင်များ ဆွမ်းကွမ်းပြည့်စုံစွာ သီတင်းသုံးနိုင်ရေးအတွက် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)