ကျိုင်းတောင်း အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ မဲရုံလာရောက်စစ်ဆေး ကြည့်ရှုရာတွင် မိုးနဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် မိုးနဲမြို့နယ် ပညာရေးမှူး ဒေါ်ခင်မိုးဆွေတို့မှ ကျိုင်းတောင်းမြို့ပေါ် ရပ်ကွက်(၇)ရပ်ကွက်ရှိ မဲရုံများတွင် မဲပေးမည့်သူများ အဝင်/အထွက် လွယ်ကူစေရန်၊ ကျန်းမာရေး စစ်ဆေးခြင်း၊ မဲစာရင်းစစ်ဆေးမှုခံခြင်း၊ မဲလက်မှတ် ထုတ်ယူခြင်း၊ မဲပေးမည့်နေရာများ၊ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)