ကျိုက်ထို အောက်တိုဘာ ၂၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်၌ ယမန်နေ့က ဘုရားဖူးပြည်သူများ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ဘုရားဖူးလာပြည်သူများမှ စိတ်အေးချမ်းသာစွာဖြင့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် မြတ်ကြီးအား ရွှေသင်္ကန်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများ ကပ်လှူပူဇော်ကြပြီး တရားဘာဝနာ များ ရွတ်ဖတ်ပူဇော်လျက်ရှိကြသည်။
ဘုရားဖူးပြည်သူများအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများ က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)