မိုင်းတုံ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ ပြည်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ပါတီစုံဒီမိုကရေစီထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ကျင်းပနိုင်ရေး၊ မဲရုံးမှူး/ ဒုမဲရုံမှူးများအား သင်တန်းဖွင့်လှစ် ပို့ချမည့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် မြို့နယ်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား သင်တန်း ဖွင့်လှစ်ပို့ချရာတွင် တာဝန်ခွဲဝေဆောင်ရွက်မှုတို့နှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်( ပြန်/ဆက်)