ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ သောကြာပတ် ဆွမ်းလောင်းလှူပွဲကျင်းပ

ဒဂုံအရှေ့ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက် ရပ်ကွက်လုံးဆိုင်ရာ အနန္တဇိန အကျွတ်အလွတ်စေတီတော် ဂေါပကအဖွဲ့မှ ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရပ်ကွက်၌ ကျင်းပခဲ့သည်။

အမှတ်(၁၃)ရပ်ကွက်၊ ကြေးတိုင်စု(၂)လမ်းရှိ မာဂဓီသာစည် ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်း ပဓာနနာယက ဆရာတော်ဘဒ္ဒန္တ ဒေါက်တာနေမိန္ ဒ(သဒ္ဓမ္မဇောတိကဓဇ) မှ ဖခမည်းတော်နန္ဒမာလာ၊ မယ်တော်ကြီး ဒေါ်မြခင်နှင့် အစ်မကြီးဖြစ်သူ ဒေါ်ဝင်းနီတို့အား ရည်စူး၍ ကျောင်းပေါင်း ၄၂ ကျောင်းမှ သံဃာတော်/သီလရှင် အပါး၄၅တို့အား အာရုဏ်ဆွမ်း ဆပ်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)