ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုအားပေး

တောင်ကြီး အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များနှင့်အတူ အောက်တိုဘာ(၂၈)ရက် နံနက်(၈)နာရီက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ မဟာပုဗ္ဗာရုံကံဦးကျောင်းတိုက်၌ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့တွင် အများပြည်သူ ဘုရားသွားကျောင်းတက်သည့်အခါ သန့်ရှင်းသပ်ရပ်မှုရှိနေစေရန် ချုံနွယ်မြက်များ၊ သစ်ကိုင်း၊ သစ်ခက်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  လူမှုရေးအသင်းအဖွဲ့များ၊ ဒေခံပြည်သူများမှ ချုံ၊ နွယ်၊ မြက်များ၊ သစ်ကိုင်း၊ သစ်ခက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)