မန္တလေး အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီကကြီးမှူး၍ မြန်မာ့ရိုးရာသီတင်းကျွတ် ဆီမီး(၅ဝဝဝ)မီးထွန်းပွဲတော်အား မန္တလေးမြို့တော်၊ ရတနာပုံဥယျာဉ် (၆၆ လမ်း၊ ၁၂ လမ်းနှင့် ၂၆ လမ်း) နေရာ၌ သီတင်းကျွတ်လပြည့်နေ့ညနှင့် လပြည့်ကျော်(၁)ရက်နေ့ညများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် မီးကြာခွက်များရေမျောခြင်း၊ မီးရှူးမီးပန်းများပစ်ဖေါက်ခြင်း၊ မီးပုံးပျံများလွှတ်တင်ခြင်း၊ ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ရောင်စုံမီးအလှများဖြင့် ဆင်ယင်ထားရှိခြင်း၊ စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ နိုင်ငံကျော်တေးသံရှင်များက တေးသီချင်းများဖြင့်ဖျော်ဖြခြင်း၊ တေးဂီတအကအလှများ၊ ကျောက်ဆည်ဆင်အက၊ ရိုးရာခြင်းလုံးဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မန္တလေးမြို့တော်သူ၊ မြို့တော်သားများ မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်အား ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။ ပွဲတော်လာပြည်သူများအနေဖြင့် ကျုံးအရှေဘက်ခြမ်း၊၆၆ လမ်းမပေါ်တွင် ကား၊ဆိုင်ကယ်များ ရပ်နားနိုင်ပြီး၊၁၉လမ်း နန်းရှေ့ဝင်ပေါက်မှ ဝင်ထွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးအရ စစ်ဆေးခြင်းကိုခံယူကာ လွတ်လပ်စွာလည်ပတ်သွားလာနိုင်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)