မိုင်းယောင်း အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ယမန်နေ့ည ၆ နာရီက ဆီမီး ၁၀၀၀ မျှောပွဲနှင့် မီးပုံးပျံ ၁၀၀၀ လွှတ်တင်ပူဇော်ပွဲကို ဓါတ်လုံစေတီတော် ပရဝုဏ်အတွင်း နမ့်ယောင်းချောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့်ဇနီး ဒေါ်အေးအေးနွယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်ဇနီး ဒေါ်မျိုးအေးချို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးဇော်မင်းဆွေ၊ ဝမ်ကောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေး၊ ဓါတ်လုံ စေတီတော်ဂေါပကအဖွဲ့များ၊ ပြည်သူများစုစုပေါင်းအင်အား ၃၅၀၀ နှင့်အတူ လွှတ်တင်ပူဇော်ခဲ့သည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးတို့သည် မိုးလုံလေလုံအားကစားရုံတွင် အမှတ်(၂) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ကျောပိုးအိတ်ငယ်) ဖျော်ဖြေတင်ဆက်မှုအား မိုင်းယောင်းတပ်နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ရဲသွေးထိုက်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူများ စုစုပေါင်းအင်အား ၃၅၀ ဦးနှင့်အတူ တက်ရောက်အားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေ ကျပ်(၁)သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း