မိုင်းယု အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဒွန်းနွဲ့ကျေးရွာအုပ်စု တောင်သူ ဦးအိုက်တန်း၏ ကွင်းအမှတ်(၆၃) ဦးပိုင်အမှတ်(၂)လယ်၌ ဆင်းဧကရီ-၃ မိုးစပါးစံပြကွက် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က ရိတ်သိမ်းခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စံကွက်ရိတ်သိမ်းရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့နှင့် လယ်/စီ/အင်းဦးစီးမှူး ဦးမြတ်စောမင်းတို့က ဆင်းဧကရီ-၃ မိုးစပါးနှစ်ဧက စံပြကွက်အား ရိတ်သိမ်းခြွေလှေ့ခဲ့ရာ တစ်ဧကစံကွက်အထွက်နှုန်းမှာ အခြောက်ထွက်တင်း ၁၂၀ ဒသမ ၁၅ တင်း ထွက်ရှိခဲ့သဖြင့် ပန်းတိုင်မျှော်မှန်းချက် ကျော်လွန်ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့ထံမှ သိရသည်။
(မိုင်းယု ပြန်/ဆက်)