ညောင်ဦး အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မြို့တွင်းကွန်ကရစ်လမ်းများ လိုက်လံစစ်ဆေးခြင်းကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် အမှတ်(၁)ရုံးညောင်ပင်ရပ် ရုံးညောင်ပင်လမ်း၊ အမှတ်(၂)ကျောင်းစုလမ်း၊ အမှတ်(၃)ဇေယျဝတီရပ်၊ ကျောင်းလမ်း၊ အမှတ်(၂)ဒါးတန်းရပ်၊ ဒါးတန်းလမ်း၊ အမှတ်(၃)ဇေယျဝတီရပ်၊ တောင်တွင်းကျောင်းလမ်း၊ အမှတ်(၃) ပြည်တော်အေးရပ်၊ အောင်သုခလမ်း၊ အမှတ်(၄)ရွာသစ်ရပ်၊ ဆင်ဖြူရှင်လမ်းသွယ်(၃)လမ်း၊ အမှတ်(၄)သီရိပစ္စယာရပ်ကွက်၊ ရာဇသင်္ကြန်(၄)လမ်း၊ ရာဇသင်္ကြန်(၅)လမ်း၊ အမှတ်(၅)ရေဝင်ရပ်ကွက်၊ ပတ္တမြားလမ်းနှင့်အမှတ်(၅)မင်္ဂလာသာစည်ရပ်ကွက် တပင်ရွှေထီးလမ်းတို့အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်ခဲ့သည့် လမ်းများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အလုပ်အမှုဆောင် ဦးရဲနိုင်နှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း