မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဂေါပကအဖွဲ့ဥက္ကဋ္ဌဖလား စတုထ္ထအကြိမ်မြောက် အဆင့်မြင့်ဘော်လီဘောပြိုင်ပွဲနှင့် ပထမအကြိမ်မြောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

မန္တလေး အောက်တိုဘာ ၂၈

မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဂေါပကအဖွဲ့ဥက္ကဋ္ဌဖလား စတုထ္ထအကြိမ်မြောက် အဆင့်မြင့်ဘော်လီဘောပြိုင်ပွဲနှင့် ပထမအကြိမ်မြောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀×၁၂လမ်းကြား၊ ၆၂×၆၆ လမ်းကြားရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားမြောက်ဘက်ရှိ ဘော်လီဘောအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဘော်လီဘောဆပ်ကော်မတီ နာယကဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဖွင့်ပွဲအား အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးကျော်မိုး(ခရိုင်ရဲတပ်ဖွဲ့မှူး)၊ ကုသိုလ်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ တိုင်းဒေသကြီးဘော်လီ ဘောဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဘော်လီဘောဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။

အခမ်းအနားသို့ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်မိုး(ခရိုင်ရဲတပ်ဖွဲ့မှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးတင်မောင်ဝင်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးဇော်လင်းဦး၊ အဖွဲ့ဝင်(၃) ဦးသိန်းလွင် (မြို့နယ်လဝကဦးစီးမှူး)၊ ကုသိုလ်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီဥက္ကဋ္ဌ အောင်သမာဓိ ဦးအောင်ဆန်းဝင်၊ တိုင်းဒေသကြီး ဘော်လီဘောဆပ်ကော်မတီအဖွဲ့ဝင်များ၊ ရွှေဘော်လီဘောအားကစားခန်းမနှင့် ရွှေခြင်းလုံးအားကစားခန်းမမှ ဦးရဲသီဟနှင့် တာဝန်ရှိသူများ ဘော်လီဘောနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အားကစားသမားများ၊ ဝါသနာရှင်ပြည်သူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ကြသည်။

အဆိုပါပြိုင်တွင် ဘော်လီဘောအားကစားပြိုင်ပွဲဝင် (၈) သင်း၊ ပိုက်ကျော်ခြင်းတစ်ဦးခြင်း အားကစားပြိုင်ပွဲဝင် (၅၀)ဦး၊ ပိုက်ကျော်ခြင်း (၄)ယောက် တွဲအားကစားပြိုင်ပွဲဝင် (၂၅)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့ထိ ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)