ကျိုင်းတုံမြို့၌ အဋ္ဌမအကြိမ်မြောက် သူနာပြုသားဖွား ဒီပလိုမာအောင်လတ်မှတ် အပ်နှင်းပွဲ ကျင်းပ

ကျိုင်းတုံ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အဋ္ဌမအကြိမ်မြောက် သူနာပြုသားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီက ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြု/သားဖွား သင်တန်းကျောင်း(ကျိုင်းတုံ) တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းနားတွင် ကျိုင်းတုံမြို့၊ သူနာပြုသားဖွား သင်တန်းကျောင်းအုပ်(စီမံ) ဒေါ်နော်ထူးနှင့် ကျောင်းအုပ်(သင်ကြား) ဒေါ်မြသန္တာဝင်းတို့က သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းအား ဒီပလိုမာအောင်လက်မှတ်များ ပေးအပ်သည်။ အဆိုပါ သူနာပြု၊ သားဖွား ဒီပလိုမာအောင်လက်မှတ်ရရှိသည့် သင်တန်းသား၊ သင်တန်းသူ ၈၀ ဦးသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနရှိ ဆေးရုံများတွင် သူနာပြုဝန်ထမ်းများအဖြစ် တာဝန်ကျရာ ဒေသများသို့ တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)