ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်(၁)ရပ်ကွက်၊ မိခင်နှင့် ကလေးမူလတန်းကြိုကျောင်း၌ အာဟာရဖြည့်စွက်စာများ ကျွေးမွေး

ပုဗ္ဗသီရိ အောက်တိုဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် (၁) ရပ်ကွက် မိခင်နှင့်ကလေးမူလကြိုကျောင်း၌ အာဟာရဖြည့်စွက်စာများ ကျွေးမွေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်(၁)ရပ်ကွက်ရှိ မိခင်နှင့် ကလေးမူလတန်းကြိုကျောင်းသို့ ဇေယျာသီရိခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်အေးအေးချို၊ ပုဗ္ဗသီရိမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဉက္ကဋ္ဌ ဒေါ်အေးအေးနွဲ့၊ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းလှိုင်နှင့်အဖွဲ့တို့မှ လာရောက်၍ မူကြိုတက်ရောက်နေသည့် ကလေးငယ် ၅၀ဦးအား မုန့်နှင့် အာဟာရဖြည့်စွက်စာများ ကျွေးမွေးခဲ့ကြောင်းသိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)