မန္တလေး အောက်တိုဘာ ၂၇
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရား (၁၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို မန္တလေး၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀×၁၂လမ်းကြား၊ ၆၂×၆၆ လမ်းကြားရှိ အဆိုပါဘုရား မုဒ်ဦးရှိတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူ ကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးကျော်လှိုင်၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစိန်မြင့်၊ အတွင်းရေးမှူး ဦးတင်သန်းနှင့် အဖွဲ့ဝင်များ မန္တလေးတောင်ဂေါပကအဖွဲ့၊ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားအား ဖူးမျှော်ကြည်ညိုကြကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ်ပူဇော်ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို နမောတဿ(သုံး)ကြိမ်ရွတ်ဆို ဖွင့်လှစ်၍ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တရားလွှတ်တော် တရားသူကြီး ချုပ် ဒေါ်ခင်သင်းဝေ၊ စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်း၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က (၁၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု(သုံး) ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)