မိုးမိတ်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်

မိုးမိတ် အောက်တိုဘာ ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် ၊ မိုးမိတ်မြို့နယ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်ဖြစ်သည့် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် တစ်လလျှင် ငွေ ၁၀၀၀၀ (ကျပ်တစ်သောင်း) နှုန်းဖြင့် သုံးလစာငွေ ၃၀၀၀၀ (ကျပ်သုံးသောင်း) တိတိကို မိုးမိတ်မြို့နယ်အတွင်းရှိ မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၈) အုပ်စုရှိ သက်ကြီးဘိုးဘွား စုစုပေါင်း (၁၉၄) ဦးအတွက် (၅,၈၂၀၀၀၀) ကျပ်ကို မြို့နယ်လူမှုဝန်ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်ချိုလင်းသက်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)