ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ လက်လုပ်လက်စား အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သွားရောက်ထောက်ပံ့

ဒဂုံ(ဆိပ်ကမ်း) အောက်တိုဘာ ၂၁


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး Stay at Home ကာလအတွင်း စားရေးသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စု (၂၆၇)စုအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ယမန်နေ့၊ နံနက် ၁၁ နာရီခွဲအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး Stay at Home ကာလအတွင်း စားရေးသောက်ရေး အဆင်ပြေ စေရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဦးထွန်းလှစိုး (Operation Manager) ဦးဆောင်သော အဖွဲ့ဝင် ၄ ဦး တို့က ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၆၀)ရပ်ကွက်နှင့် အမှတ်(၆၁)ရပ်ကွက်ရှိ လက်လုပ် လက်စား  အိမ်ထောင်စုပေါင်း(၂၆၇)အိမ်အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁)လီတာ၊ ငါးသေတ္တာ(၁၀)ဘူး၊ အဝတ်နှာခေါင်းစည်း(၁၀)ခုတို့ကို သွားရောက်ထောက်ပံ့ပေးအပ်ရာ ပြည်သူများ လက်ခံရယူပြီး လှူဒါန်းမှုအတွက် လှူဒါန်းပစ္စည်းလက်ခံရရှိသူများကိုယ်စား ဦးမျိုးကိုက ဝမ်းမြောက် ဝမ်းသာ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာလအတွင်း စားရေးသောက်ရေး အခက်အခဲဖြစ်နေသော ပြည်သူများထံ သို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။
နန်းရွှေကြည် (ပြန်/ဆက်)