ကမာရွတ် အောက်တိုဘာ ၂၁
ကိုဗစ်-၁၉ ကာလအတွင်း ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရပ်ကွက် ၁၀ ရပ်ကွက်ရှိရာ ပြည်သူများ အစားအသောက်များ အဆင်ပြေစေရန် ကားများဖြင့် သားငါးကုန်စိမ်းများ ရောင်းချနေ၍ ရောင်းသူနှင့် ဝယ်ယူသူ စားသုံးသူ မိသားစုများအကြား အဆင်ပြေလျက်ရှိသည်။
အဆိုပါကိုဗစ်-၁၉ ကာလအတွင်း စျေးရောင်းသူနှင့် ဝယ်သူအကြား လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ကမာရွတ်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် ပျံကျစျေးသည်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ကာ ခင်းကျင်း ရောင်းချ စေရန်နှင့် ဝယ်သူအနေဖြင့်လည်း နှာခေါင်းစည်း Mask တပ်ခြင်း၊ လူစုလူဝေးဖြင့် ဆိုင်ထိုင် စားသောက်ခြင်း၊ ဝယ်ယူခြင်းများ မဖြစ်ပေါ်စေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့မှ နေ့စဉ်ပညာပေး ကြပ်မတ်စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)