မဟာအောင်မြေ အောက်တိုဘာ ၂၇
မန္တလေးတိုင်ဒေသကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတွင် ဝါကျွတ်ကာလမှာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
၁၃၈၅ ခုနှစ် ဝါကျွတ်အခါသမယ သီတင်းကျွတ်လပြည်နေ့မတိုင်မီ မဟာမုနိဘုရားကြီးတွင် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူများစိတ်ချမ်းမြေ့ပျော်ရွှင်စွာ လာရောက်ဖူးမြော်လျက်ရှိပြီး မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားစေတီများတွင်လည်း ဘုရားဖူးပြည်သူများ၊ အာဟာရဒါနအဖြစ် လှူဒါန်းကျွေးမွေး ကုသိုလ်ဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း ဂေါပကအဖွဲ့ဝင်အတွင်းရေးမှူ ဦးသန်းဦးထံမှ သိရသည်။
မြန်မာနိုင်ငံ၏ အထင်ကရဘုရားစေတီပုထိုးများအနက် တစ်ခုအပါအဝင်ဖြစ်သည့် မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတွင် ပြည်တွင်း၊ ပြည်ပဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ပြည်ပဘုရားဖူးပြည်သူများအား တစ်ဦးလျှင် မြန်မာငွေကျပ်(၅၀၀၀) သတ်မှတ်ထားကြောင်း၊ သီတင်းကျွတ် လပြည့်နေ့ညတွင် ယခင်နှစ်များကဲ့သို့ ဆီမီး(၄၀၀၀၀) ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း၊ တစ်နေ့လျှင် လူဦးရေ နှစ်သိန်းကျော်ခန့် လာရောက်ဖူးမြော် လျက်ရှိကြောင်း၊ မြန်မာ့ရိုးရာအလှကုန်ပစ္စည်းများ ရောင်းအားကောင်းလျက်ရှိကြောင်း ၎င်းကပြောသည်။
အောင်ဇော်မင်း