ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ငှက်ပစ်တောင်ဘုရားကြီးအရှေ့ဘက်ကပ်လျက်ရှိ ငှက်ကြီးဦးခေါင်းကျဘုရားတွင် အလွန်ရှေးကျသည့် နံရံပန်းချီများကိုလေ့လာနိုင်

ညောင်ဦး  အောက်တိုဘာ  ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ငှက်ပစ်တောင်ဘုရား အရှေ့ဘက်ကပ်လျက်တွင်ရှိသည့် ငှက်ကြီးခေါင်းကျဘုရား လိုဏ်ဂူအတွင်း အလွန်ရှေးကျသည့် နံရံပန်းချီများကိုလေ့လာနိုင်ကြောင်း ရှေးဟောင်းသု တေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံမှ သိရှိရသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ငှက်ကြီးခေါင်းကျဘုရားသည် အမှတ်(၃)၊ ငှက်ပစ် တောင်ရပ်ကွက် ငှက်ပစ်တောင်ဘုရားအရှေ့ဘက်ကပ်လျှက်တွင်တည်ရှိပြီး ပျူစောထီး မင်းငှက်ကြီးအား လေးဖြင့်ပစ်ခွင်းရှင်းလင်းရာ ငှက်ဦးခေါင်းကျသည့်နေရာတွင်တည်ထားခြင်းကြောင့် ငှက်ဦးခေါင်းကျဘုရားဟုခေါ်တွင်ခဲ့ကြောင်း၊ အနောက်ဘက်မုခ်လှည့်ဘုရားဖြစ်ကာ ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူဆင်းတုတော်တစ်ဆူတည်ထားသည်ကို လေ့လာဖူးမြော်နိုင်ပြီး ထိုင်တော်မူဆင်းတုတော်ဝင်မုခ်တွင် ရှေးကျသည့် သစ်သားတံခါးကို လေ့လာနိုင်ခြင်း၊ အမိုးမျက်နှာကျက်တွင် အလွန်ရှေးကျသည့် နံရံပန်းချီများဖြစ်သည့် ပန်းဆွဲဘီလူးရုပ်ပုံများ၊ မင်းညီမင်းသားများ ရေကန်တော်ရေချိုးနေသည့် ပန်းချီပုံများ၊ ထန်းပင်ထန်းတောပန်းချီပုံများကို အနုစိတ်နံရံဆေးရေးပန်းချီများဖြင့် ရေးဆွဲထားသည်ကိုလေ့လာတွေ့ရှိနိုင်သည်။ ငှက်ဦးခေါင်းကျဘုရား တောင်ဘက်ကပ်လျက်ရှိ လောကပွင့်လင်းအုတ်ကျောင်းတိုက်တွင် လောကပွင့်လင်းလျောင်းတော်မူဗုဒ္ဓဆင်းတုတော်ကို ဖူးမြော်နိုင်ပြီး ရတနာပုံခေတ်နံရံပန်းချီများနှင့် ခေတ်လက်ရာပန်းချီများကိုလည်း တဆက်တစပ်တည်း လေ့လာနိုင်ကြောင်း သိရသည်။

ဒီပါလင်း