ကျိုင်းတုံမြို့နယ်အဆင့်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ကျိုင်းတုံ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ကျိုင်းတုံမြို့နယ် အခြေခံပညာကျောင်များမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးတို့ ပါဝင်ယှဥ်ပြိုင်ကြပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျိုင်းတုံမြို့နယ် အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅၆ ဦးတို့ ပါဝင်ယှဥ်ပြိုင်ကြသည်။

အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာစကား ဝေါဟာရကြွယ်ဝစေရေး ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာ စကားပြောကျွမ်းကျင်မှုစွမ်းရည်များ မြင့်တင်ပေးနိုင်ရေးအတွက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို လည်းကောင်း၊ ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များမြှင့်တင်ရန်နှင့် ပြဿနာဖြေရှင်းခြင်းနည်းလမ်းများကို ရှာဖွေဖန်းတီးနိုင်ရန်အတွက် သင်္ချာစွမ်းရည်ပြိုင်ပွဲကိုလည်းကောင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)