ချောင်းဆုံ အောက်တိုဘာ ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မဟာကန်တော်ကြီးတွင် မြန်မာ့ရိုးရာအားကစားကို ထိန်းသိမ်းသည့်အနေဖြင့် ရိုးရားအစဉ်အလာမပျက် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို အောက်တိုဘာ(၂၆)ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး အောက်တိုဘာ(၂၇)ရက်နေ့တွင် ဒုတိယနေ့လှေလှော်ပြိုင်ပွဲကို ဆက်လက်ကျင်းပလျက်ရှိရာ ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်အားပေးလျက်ရှိသည်။
အဆိုပါ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ရိုးရာလှေလှော်အသင်းများမှ (၃)တက်လှော် လှေလှော်အသင်း(၁၄)သင်းနှင့် (၁)တက်လှော်လှေလှော်အသင်း(၁၁)သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဒုတိယနေ့ကွာတားဖွိုင်နယ်ပြိုင်ပွဲနှင့် ဆီမီးဖွိုင်နယ်ပြိုင်ပွဲများကို ကျင်းပပြီးနောက် အောက်တိုဘာ(၂၈)ရက်နေ့တွင် တတိယဗိုလ်လုပွဲ၊ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သူဇာ(ပြန်/ဆက်)