မက်မန်းမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ (HPV)ကာကွယ်ဆေး စတင်ထိုးနှံခြင်းဆောင်ရွက်

မက်မန်း      အောက်တိုဘာ   ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်၌ အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း အစီအဉ်အဖြစ် ပထမဆုံးအကြိမ် စတင်ထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရေးကို မြို့နယ်ဆရာဝန် ဒေါက်တာအောင်ကိုဝင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်းပြီး အသက်(၉) နှစ်မှ(၁၀)နှစ်ကြားရှိ မိန်းကလေးငယ်(၄)ဦး တို့အား သားအိမ်ခေါင်းကင်ဆာရောဂါ(HPV)ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး မက်မန်းမြို့နယ် အတွင်းရှိ အသက်(၉)နှစ်မှ(၁၀)နှစ်ကြားရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး အသက်(၉)နှစ်မှ(၁၀)နှစ်ကြားရှိ အမျိုးသမီးငယ်များအား(၁၂)လစီခြားပြီး တစ်နှစ်လျှင်နှစ်ကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV)ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးအဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရ သည်။

သန်းမြတ်စိုး (ပြန်/ဆက်)