စဉ့်ကိုင် အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မဲဆန္ဒနယ်မြေအလိုက် မဲရုံးသုံးပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ စတင် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ မဲရုံးသုံးပစ္စည်းများ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကံမြင့်၊ အတွင်းရေးမှူး ဦးအောင်ဆန်းဦး နှင့် အဖွဲ့ခွဲဝင်များက စနစ်တကျ စစ်ဆေး၍ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအား မဲရုံးသုံးပစ္စည်း(၃၂)မျိုးကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက် နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံပေါင်း (၁၄၂) ရုံတွင် မဲရုံသုံးပစ္စည်း(၃၂) မျိုးကို ထုတ်ပေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ မဲဆန္ဒနယ်မြေအလိုက် ကျေးရွာအုပ်စုများအားအဖွဲ့များခွဲ၍ ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဆန်းဦးထံက သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင် ပြန်/ဆက်)