မက်မန်းမြို့နယ်၌ အသက်(၅)နှစ်အောက် ကလေးငယ်များကို ဆုံဆို့နာ ကာကွယ်ဆေး အပါအဝင် အမီလိုက်ကာကွယ်ဆေး၊ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

မက်မန်း     အောက်တိုဘာ   ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်၌ အသက် (၅)နှစ်အောက် ကလေးငယ်များကို ဆုံဆို့နာ ကာကွယ် ဆေးအပါအဝင် အမီလိုက် ကာကွယ်ဆေး၊ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအား ယနေ့ နံနက်(၁၀)နာရီ အချိန်ခန့်က မြို့နယ် ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန် ဒေါက်တာအောင်ကိုဝင်း ဦးစီးပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆုံဆို့နာ ကာကွယ်ဆေး၊ အမီလိုက်ကာကွယ်ဆေး၊ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးရသည့် နည်းလမ်းများကို ကလေးမိဘများအား အသိပညာပေး ဆွေးနွေး ပြောကြားပြီး ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပြီး၊ ဆုံဆို့နာကာကွယ်ဆေး၊ အမီလိုက်ကာကွယ်ဆေး၊ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်ကိုဝင်းထံမှ သိရ သည်။

သန်းမြတ်စိုး(ပြန်/ဆက်)