သံဖြူဇရပ် အောက်တိုဘာ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၃ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်လာကြသည့် သင်တန်းသားများအား ရပ်ရွာအကျိုး ပြည်သူအကျိုးကို အားသွန်ခွန်စိုက်ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ကျရောက်တတ်တဲ့ ဘေးအန္တရာယ် အမျိုးမျိုးတွေကိုလည်း ပြည်သူနှင့်အတူပူးပေါင်းပါဝင်ပြီးပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်ရေးအတွက် စိတ်ဓာတ်ခိုင်မာရုံသာမက စိတ်စေတနာ အရင်းခံပြီး ဇွဲ့၊ လုံ့လ၊ ဝိရိယတို့နှင့်အတူ ဆောင်ရွက်ကြစေရေးအမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးသက်ထွန်းဦးက သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကာလကို အောက်တိုဘာ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်တာ ဖွင့်လှစ်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
မြို့နယ်(ပြန်/ဆက်)