ပုဗ္ဗသီရိ အောက်တိုဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများ ဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ပတ္တာနယ်မြေရဲစခန်းမှ မှုခင်းကျဆင်းရေး ပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပတ္တာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် နေမျိုးလင်းက လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်ဆေးဝါးမှုများ၊ Kpay ၊ Wavepay တို့ဖြင့် ငွေသွင်း/ငွေထုတ်ခြင်းနှင့်ပတ်သက်၍ လိမ်လည်မှု စသည့် အကြောင်းအရာများကို ပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူ ပြည်သူများမှ သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းရာ စခန်းမှူးမှ ပြန်လည်ဖြေကြခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)