ရွာငံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ရွာငံ အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စာရေးဆရာ​ ဆင်ဖြူကျွန်းအောင်သိန်းရေးသားသော ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များ စာအုပ်ဖြင့်  စာဖတ်ဝိုင်း  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး၊ Book Club အသင်းမှ​ ဦးနေလင်းအောင်က လူမှုဓလေ့နှင့် နေအိမ်ဝန်းကျင်အ​ကြောင်းကိုလည်းကောင်း၊ ဦးအောင်မင်းသူမှ အိမ်ထောင်သားမွေးနှင့် လူမှုကိစ္စများအကြောင်းကိုလည်းကောင်း၊ မထက်မြတ်စိုးမှ စားဓလေ့ သောက်ဓလေ့အကြောင်းကိုလည်းကောင်း ဖတ်ကြားဆွေးနွေးကြပြီး တက်ရောက်လာသော စာပေချစ်သူများမှလည်း အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို Book Club အသင်း စာ​​ပေဝါသနာရှင်များ တက်ရောက်ကြပြီး လစဥ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ပြည်ဖြိုးသန့်