တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

တန့်ယန်း အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံ ပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အင်္ဂလိပ်စာ နှင့် သင်္ချာ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲများ၌ အင်္ဂလိပ်စာ ဘာသာရပ်တွင် မူလတန်း အဆင့် (၅)ဦး၊ အလယ်တန်းအဆင့် (၁၈)ဦး စုစုပေါင်း (၂၃)ဦး၊ သင်္ချာ ဘာသာရပ်တွင် မူလတန်း အဆင့် (၅)ဦး၊ အလယ်တန်းအဆင့် (၁၆)ဦး စုစုပေါင်း (၂၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်ပညာရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဦးကြည်လွင်နှင့် ပညာရေးဌာန တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေး၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကံရှိန်နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။                       

မင်းလွင်ဦး(ပြန်/ဆက်)