လားရှိုး အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လားရှိုးမြို့ ၊ ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးဇော်နိုင်ဦး က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ နှင့်တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်အသင်း များမှ အားကစားသမားများကို လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ရပ်ကွက်၊ကျေးရွာပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့မှစတင်၍ နိုဝင်ဘာလ ၂၀ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲသို့ အသင်းပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆု ငါးသိန်းကျပ်၊ဒုတိယဆု သုံးသိန်းကျပ်နှင့် နေရာအလိုက် အကောင်းဆုံးဘောလုံးသမားဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)