မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း  မြေယာမြေပြုပြင်ခြင်းနှင့် နေကြာမျိုးစေ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

ပေါင်    အောက်တိုဘာ  ၂၆

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း မြေယာမြေပြုပြင်ခြင်းနှင့် နေကြာမျိုးစေ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ခြင်းကိုယနေ့နံနက် (၁၀း၃၀)နာရီက ကျွဲခြံကျေးရွာအုပ်စု၊ တောင်သူဦးကျော်မြင့်၏ လယ်ယာမြေတွင်ပြုလုပ်ခဲ့ရာ   ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်စွာလှိုင်က လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းဆွေးနွေးခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းဆန်၊ စပါးသည်လုံလောက်မှုရှိသည့်အတွက်    ဒေသတွင်းဆီဖူလုံမှုရှိစေရန် ပြည်ပမှဝယ်ယူမှုလျော့နည်းစေရန်အတွက် ဆီထွက်သီးနှံဖြစ်သည့် နေကြာအပြင် မြေပဲ၊ နှမ်းနှင့်ပဲအမျိုးမျိုးတို့ကိုလည်းစိုက်ပျိုးကြဖို့လိုအပ်ပါကြောင်း၊ နေကြာစိုက်ပျိုးရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ နေကြာတစ်ဧကလျှင် ငွေကျပ်(၁)သိန်းကျပ်နှုန်းဖြင့်ထုတ် ချေးပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရန်အတွက် ဒုတိယသီးနှံအဖြစ်စိုက်ပျိုးကြမှသာ ပြည်နယ်အတွင်းသာမက တစ်နိုင်ငံလုံး စားသုံးဆီဖူလုံသွားမည်ဖြစ်ကြောင်း၊လိုအပ်သောနည်းပညာများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှာ အချိန်မရွေးမေးမြန်းနိုင်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့်ပြည်နယ်ဝန်ကြီးများက တောင်သူများထံသို့နေကြာမျိုးစေ့ပေးအပ်ခဲ့ပြီး မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှုခဲ့ရာ(၀.၀၀၁)ဧက စံကွက်ကို တစ်ဧကပျမ်းမျှအထွက်နှုန်း အစိုတင်း(၉၅)တင်း၊ အခြောက်တင်း (၈၆.၄၅)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)