သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလအတွင်း ကလေးများ လာရောက်၍ စာအုပ်များ ဖတ်ရှုခြင်း၊ ပုံဆွဲခြင်းနှင့် ဆေးရောင်ခြယ်ခြင်းများ ဆောင်ရွက်

မောက်မယ် အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များက ဗဟုသုတများတိုးပွားစေရန် သီတင်းကျွတ်ကျောင်းပိတ်ရက်များတွင် စာအုပ်များဖတ်ရှုခြင်း၊ ပုံတူဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်းနှင့် လာရောက်ဆော့ကစားခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။

ပြည်သူ့စာကြည့်တိုက်တွင် ကလေးစာပေနှင့်သက်ဆိုင်သော ရွှေသွေးဂျာနယ်၊ ကာတွန်း၊ ရုပ်ပြ၊ ပုံပြင်စာအုပ်များကို ငှားရမ်းပေးပြီး ပြည်သူ့စာကြည့်တိုက်ကို အစိုးရရုံးပိတ်ရက်များသာ ပိတ်ထားပြီး နေ့စဉ်ငှားရမ်းပေးလျက်ရှိရာ စာကြည့်တိုက်ဖွင့်သည့် ရက်များတွင် ကလေးစာဖတ်ခန်း၌ ကလေးစာပေများကို ဖတ်ရှုလေ့လာစေရန်အတွက် ကလေးအကြိုက် သီးသန့်ဆောင်ရွက်ပေးထားပြီး လာရောက်ဆော့ကစားခြင်း၊ ကလေးစိတ်ကြိုက်ပုံပြောပြခြင်း၊ အရုပ်ဆက်ခြင်း၊ အရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံဆွဲခြင်း၊ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ စသည့် ကာယဉာဏဖွံ့ဖြိုးတိုးတက်စေမည့် ပြိုင်ပွဲများကို အလျင်းသင့်သလို ဆောင်ရွက်ပေးလျက်ရှိကြောင်းကို စာကြည့်တိုက်မှူးထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)