မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ချောင်းဆုံ အောက်တိုဘာ ၂၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရိုးရာအစဉ်အလာများအတိုင်း ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈း၃၀)နာရီက ချောင်းဆုံအနောက်ရပ်ကွက် မဟာကန်တော်ကြီးတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်/ခရိုင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ မြန်မာ့ရိုးရာအမွေအနှစ်  ရိုးရာအားကစားများဖြစ်သည့် ရိုးရာလက်ဝှေ့၊ ရိုးရာခြင်းလုံနှင့် ရိုးရာလှေလှော်ပြိုင်ပွဲတွေကို ပြုလုပ်ခြင်းဖြင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်လာပြီး ရိုးရာအားကစားကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ လူငယ်လူရွယ်များ လှေလှော်အားကစားနည်းကို စိတ်ဝင်စားလာပြီး ထူးချွန်၍အရည်အချင်းပြည့်ဝသည့် လှေလှော် အားကစားသမားများ ပေါ်ထွန်းလာစေရန်   မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မြန့်မာရိုးရာလှေလှော်ပြိုင်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လှေလှော်ပြိုင်ပွဲဝင် အားကစားသမားများအား တွေ့ဆုံနှုတ်ဆက်စကားပြောကြားကာ လှေလှော်ပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၃ ခုနှစ်မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ (၃)တက်လှော် လှေလှော်အသင်း(၁၄)သင်း၊ (၁)တက်လှော်(၁၁)သင်း စုစုပေါင်း(၂၅)သင်းတို့မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကိုအောက်တိုဘာ(၂၆)ရက်နေ့မှ (၂၈) ရက်နေ့အထိ(၃)ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)