ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

သင်္ဃန်းကျွန်း အောက်တိုဘာ ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်းနှင့် (Book Club)တို့ပူးပေါင်းကာ စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသည့်  “အလုပ်ဆိုတာအင်အားပါ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ (Book Club)အဖွဲ့ဝင် စာရေးဆရာမောင်မောက်က "အလုပ်ဆိုတာအင်အားပါ"  စာအုပ်တွင်ပါရှိသည့်  "အလုပ်ဆိုတာလူ့စိတ်ကို ရင့်ကျက်စေနိုင်ပါတယ်"၊ စာရေးဆရာမ(ပညာရေး)က "အလုပ်လုပ်တဲ့နေရာမှာ အောင်မြင်ချင်ရင်မှန်ကန်တဲ့သူအဖြစ် အများကလက်ခံအောင်ကြိုးစားပါ"စသည်တို့ကို ဖတ်ပြဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက အမေးအဖြေများကဏ္ဍကို ဖတ်ပြဆွေးနွေးကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခရိုင်ပြန်/ဆက်