သံဖြူဇရပ် အောက်တိုဘာ ၂၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးဘိုး/ဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင်များကို သက်ဆိုင်ရပ်ကွက်ကျေးရွာများတွင် အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် နိုင်ငံတော်မှ ၃ လလျှင်တစ်ကြိမ် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိသည့် လူမှုရေးပင်စင်ငွေများကို မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား အိမ်တိုင်ရာရောက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများကသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်ကျေးရွာ(၄၁)အုပ်စု၌ အသက် ၈၅ နှစ်နှင့် အထက်သက်ကြီးဘိုး/ဘွား(၈၄၁)ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)