ဝမ်းတွင်း၊ အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၉)နှစ်နှင့်(၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး(HPV)စတင်ထိုးနှံပေးခြင်းများကို ယနေ့နံ နက်(၈)နာရီမှစတင်ကာ မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာ များအလိုက် သက်ဆိုင်ရာစုရပ်နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသက်(၉)နှစ်နှင့်(၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးအစီအ စဉ်တွင် စတင်ထည့်သွင်း ထိုးနှံပေးခြင်းဖြစ်ပြီး (HPV) ကာကွယ်ဆေးအား ပထမအကြိမ်ထိုးနှံပေးခြင်း၊ နောက်တစ်ကြိမ် (၆)လနှင့် (၁၂)လအတွင်း ဒုတိယအကြိမ် ထိုးနှံပေးကာစုစုပေါင်း(၂)ကြိမ်ထိုးနှံပေးခြင်းဖြင့် မိန်းကလေးငယ်များတွင် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုအား ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)