ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်

ဟိုပုံး  အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီအချိန် က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင် က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်းဦးစီးမှူး ဒေါ်ပပမွန် က စီမံကိန်းရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စီမံကိန်းတာဝန်များ ပေးရာတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင် က ဟိုပုံးမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနန်းတင့်ကိုလည်းကောင်း၊ ဆီဆိုင် မြိုနယ်စီမံကိန်း ရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကိုလည်းကောင်း၊ ပင်လောင်းမြို့နယ် စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေ ကိုလည်းကောင်း ပေးအပ်ခဲ့သည်။

ထို့နောက် ဟိုပုံးမြို့နယ်  စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနန်းတင့် က၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်စီမံကိန်းရည်မှန်းချက်ပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်းလျာထားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆီဆိုင်မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်စီမံကိန်း ရည်မှန်းချက် အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်းလျာထားချက် များကို ရှင်းလင်းပြောကြားခဲ့သည်။ ပင်လောင်းမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေ က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်စီမံကိန်း ရည်မှန်းချက် အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်းလျာ ထားချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)