ဟိုပန်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဝန်ထမ်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုပန် အောက်တိုဘာ၂၆

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဝန်ထမ်းပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က လွတ်လပ်ရေးကျောက်တိုင်ဝင်း အတွင်း ကျင်းပရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ရှေဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီးပြိုင်ပွဲအား ဖွင့်လှစ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်အသင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပထမဆုရရှိသည့် အသင်းကို ငွေကျပ်(၃)သိန်း၊ ဒုတိယဆုရရှိသည့် အသင်းကို ငွေကျပ်(၂)သိန်းနှင့် တတိယဆုရရှိသည့် အသင်းကို ငွေကျပ်(၁)သိန်း  ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်