မိုင်းငေါ့ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့လူထုအခြေပြုဗဟိုဌာန Community Centreရုံးခန်းတွင် အောက်တိုဘာ၂၄ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်) ရေးသားသော “လူငယ်များနှင့်နားထောင်မှုအနုပညာ” စာစောင်ဖြင့် Youth Club စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာပေအကြောင်းအရာများကို နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Youth Club အသင်းမှ မစန္ဒာဦး၊ မဟေမာန်ဦး၊ မနေခြည်ဦးတို့က ဒို့ကျေးရွာဂျာနယ် အတွဲ (၂၀) အမှတ် (၁၉)မှ “လူငယ်များနှင့်နားထောင်မှုအနုပညာ”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးဖတ်ကြားခဲ့ကြပြီး တက်ရောက်လာကြသူများမှ ဂျာနယ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင် (၁) ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)