ကျိုင်းတုံ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (MCCT) ဖြန့်ဝေပြီးစီမှုအခြေအနေ လေ့လာမှုစစ်တမ်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်) ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန(နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီရွှေက (MCCT) ဖြန့်ဝေပြီးအခြေအနေ လေ့လာမှုစစ်တမ်း (PDM) ကောက်ယူနိုင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာသူ မိတ်ဖက်အဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအားထောက်ပံ့ခြင်း (MCCT) အခြေအနေလေ့လာမှုစစ်တမ်း (PDM) ကောက်ယူခြင်းကို အောက်တိုဘာ ၂၆ ရက်နေ့မှစ၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)