ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ဝိုင်း ဆောင်ရွက်

ကျောက်မဲ အောက်တိုဘာ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထုတ်ငွေစာရင်း ထိန်းသိမ်းနည်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက အောက်တိုဘာ ၂၅ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဝန်ထမ်းများ လုပ်ရည်ကိုင်ရည်များ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ငွေစာရင်းထိန်းသိမ်းနည်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ဝန်ထမ်းများက စာအုပ်ပါ ငွေထုတ်သူအရာရှိ၏ တာဝန်ဝတ္တရားများ၊ ကြီးကြပ်အုပ်ချုပ်သူ အရာရှိ၏ တာဝန်ဝတ္တရားများတို့ကို အသီးသီး ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံး ဝန်ထမ်းများက တစ်လလျှင် နှစ်ကြိမ်နှုန်း လစဥ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)